မောင်တောမြို့နယ်က ရွာသားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့
2016.10.13
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာက နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံအတော်များများ ဟာ ဘေးလွတ်ရာမြို့ရွာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ကျီးကန်းပြင်ကျေးရွာအနီးက အောင်သာယာကျေး ရွာသား ကိုကျော်စိုးမိုးက ပြောပါတယ်။
ကိုကျော်စိုးမိုးကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။