မင်္ဂလာဒုံ ကျူးကျော် ရပ်ကွက်နေ ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံ
2016.11.09
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စံသမာဓိရပ်ကွက်က ဓမ္မာရုံမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ တွေ့ဆုံခဲ့ပါတယ်။ စံသမာဓိရပ်ကွက်ဟာ အရင်အစိုးရလက်ထက်က ကျူးကျော် ရပ်ကွက်ဆိုပြီး မြေထိုးစက်နဲ့ ဖျက်ဆီးခံခဲ့ရတဲ့ ရပ်ကွက်ဖြစ်ပြီး အဲဒီလို ကိစ္စမျိုးတွေ ထပ်မဖြစ်ဖို့ တာဝန်ယူကြောင်းနဲ့ တန်ဖိုးနည်းအိမ်ယာတွေ စီစဉ်ပေးနိုင်ဖို့ ကြိုးစားနေကြောင်း လွှတ်တော်ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက ပြောခဲ့ပါတယ်။
ဦးအောင်လှိုင်ဝင်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။