ဖွဲ့စည်းပုံပြင်ဖို့ မိုးသီးဇွန် တိုက်တွန်း


2014.03.07

လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ထဲမှာ အစိုးရအနေနဲ့အဓိကဦးစားပေး ဆောင်ရွက်သင့်တဲ့ကိစ္စက နိုင်ငံသားတိုင်းသမ္မတဖြစ်ခွင့်ရနိုင်အောင် လမ်းဖွင့်ပေးတဲ့အနေနဲ့ပုဒ်မ (၅၉-စ) ကို ပြင်ဆင်ဖို့ဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့မအောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ မြေယာသိမ်းဆည်းမှုရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြန်လည်သုံးသပ်ပြီး ပြည်သူရော၊ တပ်မတော်ပါ အကျိုးဖြစ်မယ့်မူဝါဒတွေချမှတ် ဆောင်ရွက်သင့်ပြီလို့ဆိုပါတယ်။ ကိုမိုးသီးဇွန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။