မွန်ပါတီတွေ ပေါင်းစည်းရေး ဒေါက်တာအောင်နိုင်ဦး ကို မေးမြန်းချက်
2016.11.11
မွန်တိုင်းရင်းသားပါတီတွေ ပေါင်းစည်းနိုင်ရေးနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီဗဟိုနဲ့ ချောင်းဆုံမြို့နယ်က ပါတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဗဟိုအနေနဲ့ မွန်ပါတီတွေပေါင်းစည်းရေးကို မဆောင်ရွက်ဘူးဆိုရင် ချောင်းဆုံမြို့နယ်က ပါတီဝင်တွေအနေနဲ့ နှုတ်ထွက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း ချောင်းဆုံမြို့နယ် AMDPပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ AMDP ပါတီရဲ့ ချောင်းဆုံမြို့နယ် အလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
ဒေါက်တာအောင်နိုင်ဦး ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။