တောင်ကြီးမှာ ဖမ်းဆီးခံထားရသူ ၂၀ ဦးအကြောင်း ရဲမှူးချုပ်နဲ့ မေးမြန်းချက်
2014.10.03
အစ္စလာမ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး တောင်ကြီးမြို့မှာ ဖမ်းဆီးခံထားရသူ ၂၀ ဦးကို တောင်ကြီးခရိုင် တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးနေပြီဖြစ်ပါတယ်။
သူတို့ဟာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မှုရှိကြောင်းနဲ့ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ စီစဉ်ခဲ့တာမှန်ကန်ကြောင်း ဝန်ခံထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူုးချုပ်ဝင်းခေါင်က ပြောပါတယ်။ ရဲမှူုးချုပ်ဝင်းခေါင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။