မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အကြောင်း မေးမြန်းချက်
2014.09.21
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ NCCT က ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက Grand Hill Hotel မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတက်ခဲ့တဲ့ ကိုမြအေးကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။