မြန်မာအမျိုးသမီးတွေရဲ့ လွတ်လပ်လုံခြုံမှု


2019.11.15

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုအခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိမ့်ကျနေပြီး ဒေသတွင်းမှာ အနိမ့်ဆုံးကို ရောက်နေတယ်လို့ ဝါရှင်တန်ဒီစီမြို့တော် Georgetown တက္ကသိုလ်က အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာသိ မြန်မာအမျိုးသမီးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုအခြေအနေ ကျဆင်းနေတာ ဘာကြောင့်ပါလဲ။ ဒီအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဂျင်နီ ကလပ်ခ်မန်းကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။