အင်ဒိုနီးရှားက မြန်မာရေလုပ်သား ၂၂ ဦး အခြေအနေ မေးမြန်းချက်


2015.04.06

အင်ဒိုနီးရှားနိုင်ငံ အမ်ဘိုမြို့က လပ်ပတ်စ် Lapass အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၂၂ ဦးနဲ့အတူ လှေတစ်စီးထဲ အလုပ်လုပ်ခဲ့ကြတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ လွတ်မြောက်သွားပေမဲ့  မြန်မာနိုင်ငံသားတွေကတော့ မလွတ်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးက လုပ်ငန်းတွေဆောင်ရွက်တာ နှောင့်နှေးလို့ဖြစ်တယ်လို့ ယူဆနေပါတယ်။ ဂျာကာတာမြို့ မြန်မာသံရုံးက တတိယအတွင်းဝန် ဦးခင်အောင်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။