မြစ်ဆုံရွာသားတွေရဲ့နေ့စဉ်ဘဝ နောက်ဆုံးအခြေအနေ


2016.03.19

မြစ်ဆုံဆည်စီမံကိန်းကို NLD အစိုးရသစ်လက်ထက်မှာ အလျင်အမြန် ပြန်စနိုင်ဖို့ တရုတ်အစိုးရက လေသံပစ်နေချိန်မှာ စီမံကိန်းကြောင့် နေရာရွေ့ပြောင်းခံရတဲ့ ဒေသခံ ၃ဝဝဝ ကျော်ဟာ မိမိတို့ရဲ့ နေရပ်တွေမှာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။

တရုတ်ကုမ္ပဏီက နေထိုင်စရာအိမ်တွေဆောက်ပေးပြီး ရွာတည်ပေးထားတဲ့နေရာဟာ လုပ်ကိုင်စားသောက်လို့ မရတဲ့နေရာဖြစ်နေတဲ့အပြင် ဆောက်ပေးထားတဲ့ နေအိမ်တွေဟာလည်း သစ်၊ ဝါးတွေမကောင်းတာကြောင့် ဆွေးမြေ့ပျက်စီးနေပြီလို့ ဆိုပါတယ်။

ပြောင်းရွှေ့ခံရတဲ့ မြစ်ဆုံဒေသ တန်ဖရဲရွာသား ဦးလာရမ်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။