ရှမ်းနဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးအပေါ် စိုးရိမ်
2014.10.02
အခုလို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် စိုးရိမ်မှုတွေ တိုးပွားလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနည်းပါးမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ့်အချိန်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာတွေဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ် ကွမ်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက သုံးသပ်ပါတယ်။ ဒေါ်နန်းဝါနုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။