NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း နဲ့ မေးမြန်းချက်
2015.03.19
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ တတိယမြောက်နေ့မှာ အစိုးရဖက်က တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ ဝေါဟာရကို လက်ခံလိုက်တာကြောင့် တပ်ပိုင်းဆိုင်ရာနေရာချထားရေးနဲ့ နှစ်ဖက်တပ်တွေကို ပူးတွဲစောင့်ကြည့်ရေး အပိုင်းတွေကို သဘောတူညီမူရခဲ့တယ်လို့ NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။