NCCT ကိုယ်စားလှယ်တွေနဲ့ NBF ခေါင်းဆောင်တွေ တွေ့ဆုံ
2015.03.23
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီ ၂၂ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ NBF အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီက ဦးစောသန်းမြင့်က ပြောပါတယ်။
ဦးစောသန်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။