လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေနဲ့ မေးမြန်းချက်
2020.04.16
နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ Naypyitaw Covid.19 Volunteer Team(NCVT) နာယက တစ်ဦးဖြစ်တဲ့၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကို RFA ၀ိုင်းတော်သား ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတစ်ပတ် ပထမပိုင်းကို ရှုစားကြရမှာပါ။
အခု ပထမပိုင်းမှာတော့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာအပါအ၀င် တပ်မတော်နယ်မြေတချို့မှာထားရှိတဲ့၊ စောင့်ကြည့်ခံ ပြည်ပကပြန်လာသူတွေရဲ့ အခြေအနေ၊ သူတို့ကို ကူညီပေးနိုင်မှု၊ စည်းကမ်းလိုက်နာမှု စတာတွေကို RFA က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။