ဖမ်းဆီးခံ NLD အမတ်လောင်းရဲ့ မိသားစုဝင်နဲ့ ဆက်သွယ်မေးမြန်းချက်
2020.10.22
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးပြီး အစိုးရနဲ့ AA ဘက်က နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆွေးနွေးအဖြေရှာကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက လိုလားနေ ပါတယ်။
ဖမ်းဆီးခံထားရတဲ့ လက်ရှိတောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဲဒီနေရာအတွက် ဝင်ရောက်အရွေးခံမယ့် ဒေါ်နီနီမေမြင့်ရဲ့ အမျိုးသား ဦးလင်းနိုင် ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။