နော်ဝေနိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံပွဲ ဦးလှမောင်ရွှေ ကို မေးမြန်းချက်


2014.12.01

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende (ဘောဂ်ဘရက်န်ဒီ) က ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်တွေနဲ့ ပဲခူးမြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ကူညီသွား မှာဖြစ်တယ်လို့ ဒီနေ့တွေ့ဆုံပွဲ မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။