စစ်ကောင်စီဝင်ငွေရလမ်း ဖြတ်တောက်ဖို့ ရှောင်တာနဲလ်ကို NUG က အကြံပေးခန့်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.06.13

သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဇွန်လ ၁၃ ရက်နေ့က ခန့်အပ်ခဲ့ပါတယ်။

သူ့ကို အခုလို ခန့်အပ်လိုက်တာဟာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိနေတဲ့ အများပြည်သူပိုင် အရန်ငွေဘီလီယံပေါင်းများစွာကို ပြန်လည်ရရှိဖို့ အချက်တွေအပါအဝင် NUG ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အထူးသင့်တော်သူ ဖြစ်တဲ့အတွက်ပါပဲလို့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က RFA ကိုပြောပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ဗိုလ်ချုပ်တချို့ ဒီရက်ပိုင်းအတွင်း သွားရောက်တွေ့ဆုံခဲ့တာဟာ စစ်ကောင်စီအနေနဲ့အခြေအနေမကောင်းလို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

NUG စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။