ဖားကန့်မှာ မြေစာစွန့်ပစ်ယာဉ်တွေကို ရွာသားတွေ ပိတ်ဆို့မှု မေးမြန်းချက်


2016.03.23

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြေစာစွန့်ပစ်တဲ့ ကုမ္ပဏီကားတွေကို ကျေးရွာလမ်းတွေထဲ ဖြတ်သန်းခွင့်မပေးဘဲ ဒေသခံတွေက ကျေးရွာတိုင်းမှာ ပိတ်ဆို့ဆန္ဒပြနေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ကျောက်မျက်ကုမ္ပဏီတွေ၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးပေမယ့် ပြေလည်မှုမရဘူးလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ ဦးလမုန်လတောင် က ပြောပါတယ်။ ဦးလမုန်လတောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။