ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရတဲ့အကြောင်း ကျောင်းဆရာတစ်ဦးနဲ့ မေးမြန်းချက်
2016.03.13
ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်မှာ လုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးတာ ၂၈ နှစ်မြောက်ပြီဖြစ်ပါတယ်။ သူတို့အတွက် ဒီကနေ့ ရန်ကုန်မြို့မှာ အာအိုင်တီ ကျောင်းသားဟောင်းတွေက ဆွမ်းကပ် အမျှပေးဝေခဲ့ကြပါတယ်။
အဲ့ဒီအချိန် ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဦးသီဟလတ်က အခင်းဖြစ်တဲ့ညက ကျောင်းမှာရှိနေတာဖြစ်ပြီး သူကြုံတွေ့ခဲ့ရတာတွေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။