ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သတင်းမီဒီယာအဖွဲ့တွေ တွေ့ဆုံ


2016.11.08

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ သတင်းမီဒီယာကောင်စီအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့ MJA ၊MJU ၊MJN က တာဝန်ရှိသူတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ နိုဝင်ဘာလ ၆ ရက်နေ့က Eleven သတင်းစာက ဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲ တစ်နှစ်ကြာသော် အယ်ဒီတာ့အာဘော်မှာ ပါရှိခဲ့တဲ့ ဝန်ကြီးချုပ်တစ်ယောက် ဒေါ်လာတစ်သိန်းတန် Patek Phillipe နာရီဝတ်ဆင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။