ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မေးမြန်းချက်
2016.03.16
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေက သာယာဝတီမြို့နယ် တရားရုံးရဲ့ အမှုစစ်ဆေးမှုတွေကို သပိတ်မှောက်လိုက်ပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်ပါတယ်။
တရားရုံးထုတ်စဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။