ပီအာရ်စနစ် မကျင့်သုံး သင့်ကြောင်း နိုင်ငံရေးပါတီ ၈ ခုက ဆွေးနွေး
2015.04.06
လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို မကျင့်သုံးသင့်ကြောင်း အမျိုးသားလွှတ်တော်မှာ ကျင်းပတဲ့ ကြားနာပွဲမှာ နိုင်ငံရေးပါတီ ၈ ခုက ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစဝ်သာဦးကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။