အရပ်သားအစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့်


2019.05.08

 

Pulitzers ဆုရှင် Reuters သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမဲ့ - မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ သတင်းမီဒီယာတွေဟာ တရားစွဲဆိုခံရတာတွေ များလာနေတာပါ။

အမေရိကန် လူထုဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်၊ George Washington တက္ကသိုလ်ရဲ့ မီဒီယာ လူထုနဲ့ နိုင်ငံတကာရေးရာ တွဲဘက်ပါမောက္ခ Janet Steele ကတော့ - အရပ်သားအစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အပါအဝင် အခြေအနေတွေဟာ တိုးတက်မလာဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူတွေနဲ့ သတင်းထောက်တွေကို ဖိနှိပ်ဖို့အတွက် ခေတ်နောက်ပြန်ဆွဲတဲ့ တချို့ဥပဒေတွေကို အသုံးချနေဆဲ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ RFA ဝိုင်းတော်သူ မနန္ဒာချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။