ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အကြောင်း မေးမြန်းချက်
2018.10.02
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မြေဧကပေါင်းလေးထောင်ကျော်မှာ တည်ဆောက် လုပ်ကိုင်မယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို တရုတ်ဘက်က ၇ဝ ရာခိုင်နှုန်း မြန်မာဘက်က ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေမှုအသစ်နဲ့ မကြာခင်လပိုင်းအတွင်း စာချုပ်ချုပ်ဆို အကောင်အထည် ဖော်တော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။