ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲ တားမြစ်ပိတ်ပင်

မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝီရသူ ဦးဆောင် စီစဉ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

2012.09.03
mandalay-monk-protest-b305 သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအဝင် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
RFA

ဒါပေမယ့် ဒီကနေ့ ဆက်လက် ပြုလုပ်ဖို့ရှိတဲ့ ဆန္ဒပြပွဲတွေကို သက်ဆိုင်ရာက တားမြစ်ပိတ်ပင် လိုက်တယ်လို့ သိရပါတယ်။

ဆရာတော် ဦးဝီရသူက ဆန္ဒပြပွဲတွေ ဆက်လက်ဖော်ဆောင်မှာ မဟုတ်ပေမယ့် တီရှပ် ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။