ရခိုင် MoU စီမံချက် အကောင်အထည်ဖော်မည်
2018.07.18
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR, UNDP တို့ ရေးထိုးထားတဲ့ MoU နားလည်မှုစာချွန်လွှာပါ စီမံချက်တွေကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့က စပြီး အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။