စစ်တွေမြို့မှာ ဗုံးပေါက်ကွဲမှု မေးမြန်းချက်
2016.03.16
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် the Root Investigative Agency (RIA) သတင်းအေဂျင်စီ က သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီဗုံးပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး (RIA) က ကိုမင်းမင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။