လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲမည်
2016.09.22
အိမ်အကူ မိန်းကလေး ၂ ဦးကို လုပ်ခလစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေရဲ့ လုပ်ဆောင်မှုကို လျော်ကြေးနဲ့ကျေအေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို မှုခင်းထိန်ချိန်မှုနဲ့ တရားစွဲဆိုဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြင်ဆင်နေပါတယ်။
ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။