ရိုဟင်ဂျာတွေရဲ့ အခြေအနေ မပြောင်းလဲသေးဘူးလို့ မြန်မာရိုဟင်ဂျာများအသင်း-ယူကေ ပြော

ရဲခေါင်မြင့်မောင်
2020.05.25

မြန်မာအစိုးရဟာ ICJ  နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ် စီရင်ချက်အမိန့်အရ ပထမဆုံးအကြိမ် အစီရင်ခံစာကို ပြီးခဲ့တဲ့ အပတ်က တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ မသိရသေးပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲမှုမရှိသေးဘူးလို့ အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့  နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးတာတွေ နှစ်ဆတိုးပြီး ဆက်လက်လုပ်ဆောင်ကြဖို့ လိုတယ်လို့လည်း မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။