စဉ့်ကိုင်မှာ ကလေးငယ်တွေ သွေး လွန်တုပ်ကွေးဖြစ်ပွားမှု များပြား


2015.04.26

မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာမှာ သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံနေပြီး အသက် ၁၄ နှစ်အောက်ကလေးငယ် အယောက် ၇၀ လောက် ကျောက်ဆည်နဲ့ စဉ်ကိုင်မြို့က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတာဟာ ခြင်ကတဆင့်ကူးစက်တာဖြစ်တယ်လို့ စဉ်ကိုင်မြို့နယ် ရှမ်းကန် ကျေးရွာက ဒေသခံအထွေထွေရောဂါကု ဆရာဝန် ဒေါက်တာစန်းလှမျိုး က အတည်ပြုပြောပါတယ်။

ဒေါက်တာစန်းလှမျိုးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။