SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်နဲ့ မေးမြန်းချက်
2016.02.07
မနက်ဖြန်ဖေဖော်ဝါရီလ ၈ ရက်နေ့ကျင်းပမယ့် ရှမ်းပြည်နယ်လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းကို ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ သိန်းနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီကို လွှတ်တော်ဒုတိယဥက္ကဌအဖြစ် အမည်စာရင်းတင်သွင်းဖို့ SNLD က ဒီနေ့အရေးပေါ်အစည်းဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။