သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-17
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ လယ်သမား ၁၇ ဦး နဲ့ အကူအညီပေးတဲ့ ရန်ကုန် တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးမန်းအုန်းမြင့်သိန်း တို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် က အမှုဖွင့်ထားပါတယ်။
2015-06-17
ဒီမိုကရေစီပညာရေးတောင်းဆိုလို့ ပင်မကျောင်းသားသပိတ်ကို လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးချိန်မှာ အတွင်းဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုနေရတဲ့ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကိုတင်ဝင်းရဲ့ညီ ကိုနေဇော်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-06-15
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း မှာ နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့််သတ်ထားတဲ့ ပုဒ်မ ၅၉ (စ)ကို အနည်းငယ်ပြင်ဆင်ထားပြီး ၊ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မကိုလည်း ပြင်ဆင် ထားပါတယ်။
2015-06-15
တတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့က နေပြည်တော်နဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ ဒီနေ့ကစပြီး ၁၈ ရက်နေ့အထိ ၄ ရက်ကြာ အခမဲ့ ပြသနေပါတယ်။
2015-06-15
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်ပြီးဆုံး သွားပြီဖြစ်တဲ့ အတွက် ဒီကနေ့ရန်ကုန်ကို မြို့ကို ပြန်လည်ရောက်ရှိပါတယ်။
2015-06-14
ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်လိုက်တဲ့ အကျဉ်းထောင်များ ဥပဒေကြမ်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်အာဏာပိုင်တွေ က ဘယ်လိုဆက်ဆံရမယ်ဆိုတာ မပါရှိတဲ့အတွက် တိတိကျကျ ပြဌာန်းဖို့လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြော ပါတယ်။
2015-06-14
တရုတ်ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်ဟာ မနက်ဖြန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
2015-06-13
ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်မတော် ဘက်က စစ်ရပ်စဲလိုက်မှုအပါအဝင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ကို အခုနှစ်အတွင်း အပြီးသတ်လက်မှတ်ရေး ထိုးနိုင်ချေရှိ၊ မရှိ အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာက ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-06-13
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်ပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်းဂျာနယ်တွေနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အကျယ်တဝင့် တင်ပြဆွေးနွေးကြ သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကိုလည်း ရေး သားဖော်ကြတာတွေရှိတယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နေထိုင် တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က ပြောပါတယ်။
2015-06-12
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေ သအတွင်းက တိုက်ပွဲတွေကို တစ်ဖက်သတ် စစ်ရပ် စဲကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က ကြေညာချက် ထုတ်ပြန်လိုက်တယ်ဆိုပေမယ့် အစိုးရဘက်ကတော့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ရဲ့ မြေပြင်လှုပ်ရှားမှုတွေအပေါ် စောင့်ကြည့်သွား မယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
2015-06-12
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရေးအဖွဲ့ NCCT အဖွဲ့ဝင်ဟောင်းတွေနဲ့ မြန်မာငြိမ်ချမ်းရေးစင်တာက ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲမှာ လော်ခီးလာညီလာခံက ဆုံးဖြတ်ချက်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို အစိုးရအဖွဲ့ထံ လက်ဆင့်ကမ်းလိုက်ပါတယ်။
2015-06-12
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဥပဒေကြမ်းထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်ထားတဲ့စနစ်အစား သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်တဲ့ကိုယ်စားလှယ်ကို အတည်ပြုပေးဖို့ ဖော်ပြထားတာနဲ့ပတ်သက်လို့ အဲ့ဒီအချက်ကို အဓိကတောင်းဆိုထားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က ဦးစောသန်းမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2015-06-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ရေး ကော်မတီက ၈ဝ ရာ ခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးကြောင်း ပြည်ထောင် စုလွှတ်တော်ထံ ဒီနေ့ အစီရင်ခံစာ တင်သွင်းလိုက် ပါတယ်။
2015-06-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ရှေ့နေဦးကိုနီက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်အမတ်တွေနဲ့ ဂျာမဏီနိုင်ငံမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
2015-06-08
ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံ ၇ ရက်မြောက်နေ့ ဒီနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့ ဆုံးဖြတ် ချက်ချနိုင်ခဲ့ပါတယ်။