သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် RFA ကိုပြောခဲ့ဘူးတဲ့ သူရဲ့ယုံကြည်ချက်နဲ့အယူအဆတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားပါတယ်။
2014-04-23
ဆရာဦးဝင်းတင်နဲ့ ပတ်သက်ပြီး ရဲဘော်သုံးကျိပ်ဗိုလ်ချုပ်ကျော်ဇောရဲ့သမီးဖြစ်သလိုလက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-23
ဆရာဦးဝင်းတင်နဲ့ ပတ်သက်ပြီး လူထုဦးလှ ဒေါ်အမာတို့ရဲ့သား စာရေးဆရာ ညီပုလေးကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-21
အစိုးရနဲ့ KIA တပ်ဖွဲ့များ အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အသာစီးရဘို့ အစိုးရဘက်က ရည်ရွယ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ခေတ္တ ရောက်ရှိနေတဲ့ KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
2014-04-21
မြန်မာနိုင်ငံမှာ ကိုယ်ကျိုးမကြည့်ပဲ အများကောင်းကျိုးအတွက် အနစ်အနာခံ ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူတွေ အဖွဲ့အစည်းတွေကို ရွေးချယ် ချီးမြှင့် တဲ့ ပြည်သူ့ဂုဏ်ရည် ဆု အတွက် အဆိုပြုလွှာတွေ တင်သွင်းရက်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2014-04-15
လယ်သမား၊ အလုပ်သမားအရေးဆောင်ရွက်သူ မစုစုနွေးဟာ သူအကျဉ်းကျနေစဉ် ၂ဝဝ၈ ခုနှစ်က အီတလီနိုင်ငံ အာဂရက်တီမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သူဆု ချီးမြှင့်ထားတာကို ပြီးခဲ့တဲ့သတင်းပတ်က အဲဒီမြို့မှာ သွားရောက်လက်ခံရယူခဲ့ပါတယ်။
2014-04-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ အီတလီနိုင်ငံကို လေ့လာရေးအဖြစ် ၂ ပတ်ကြာသွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်နဲ့ပတ်သက်လို့ ဒေါ်ဖြူဖြူသင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-11
မျိုးစောင့်ဥပဒေကြမ်းတွေ ရေးဆွဲရေးအပါအဝင် ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ သန်းခေါင်စာရင်းကောက်ယူမှု၊ ရိုဟင်ဂျာနဲ့ နိုင်ငံတကာ အန်ဂျီအို ပြဿနာ အခြေအနေတွေနဲ့ ပတ်သက်လို့ အမျိုးသား လူမှုရေး၊ စီးပွားရေးအကြံပေးကောင်စီဝင်၊ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်နဲ့ ဒုချီးယားတန်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကို ဆက်သွယ်တင်ပြမှာပါ။
2014-04-11
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က ကမ္ဘာ့ဘဏ်ရုံးမှာ ဧပြီလ ၉ ရက်နေ့က ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က မခွန်ဂျာ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဆိုင်းဆမ်ခမ်းနဲ့ နိုင်ငံတကာ ငွေကြေးစီးဆင်းမှု စောင့်ကြည့်ရေးအဖွဲ့ IFI က ဒေါ်လစ်ဇ်လှိုင်တို့ တက်ရောက်ခဲ့ပါတယ်။
2014-04-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းးစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေးအတော်အသင့်ကောင်းမွန်လာပြီဖြစ်ပေမယ့် ဆေးရုံမှာ အချိန်ယူနေထိုင်ရဦး မယ်လို့သိရပါတယ်။ ဒါပေမယ့် ဆေးရုံအထူးခန်းမှာနေရချိန်မှာပဲ ဆောင်းပါး တစ်ပုဒ်ရေးလိုက်တယ်လို့သိရပါတယ်။
2014-04-09
ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့တွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်သွားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-09
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တို့ပူးပေါင်းပြီး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးတွေကို ထောက်ပြဝေဖန်ထားတဲ့ သံချပ်တွေနဲ့ ဒီနှစ်သြင်္ကန်မှာ ရန်ကုန်က ပြည်သူတွေကို လိုက်လံဖျော်ဖြေမယ်လို့ သိရပါတယ်။
2014-04-09
ကရင်ပြည်နယ်ကို ဒီကေဘီအေအဖွဲ့ အစီအစဉ်နဲ့ ပြောင်းရွေ့အခြေချတဲ့ လှည်းကူးမြို့နယ် ကျေးရွာသုံးရွာက ရွာသားတွေရဲ့ ဘဝပိုမိုစိုပြေလိမ့်မယ်လို့ ယူဆကြောင်း သူတို့မူလမှီခိုနေထိုင်ခဲ့တဲ့ အလိုင်နီဆရာတော် အရှင်အဂ္ဂဓမ္မ က မိန့်ကြားပါတယ်။
2014-04-06
ထားဝယ်မြို့အနီးရှိ လယ်မြေဧက ၃ဝဝ ကျော်ကို အာဏာပိုင်တွေက မြို့တိုးချဲ့ဖို့အတွက် ဆိုပြီး ယန္တယားစက်ကြီးများနဲ့ ထိုးကော် တူးဆွနေတယ်လို့ သိရပါတယ်။
2014-04-06
မူလရွာတွေကို စစ်တပ်ကသိမ်းလိုက်လို့ နေထိုင်လုပ်ကိုင်စားသောက်စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည်နယ် ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီးနဲ့ ဒေါ်ကာလီရွာသားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေးအတွက် နေစရာ၊ အလုပ်အကိုင်နဲ့ ကလေးတွေရဲ့ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီးဆန်းအောင်က RFA ကိုပြောပါတယ်။