သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-02
ဧရာဝတီတိုင်း ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံးက ရဲတပ်သားနှစ်ယောက်ဖြစ်တဲ့ ကိုဝဏ္ဏထွန်းနဲ့ ကိုမျိုးသန့်တို့ဟာ မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ ရဲဝန်ထမ်းအလုပ်ကနေ နုတ်ထွက်လိုက်ပြီး အာဏာဖီဆန်ရေး လူထုလုပ်ရှားမှု CDM မှာပါဝင်လာပါတယ်။
2021-03-02
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံရုံးအုပ် ဒေါ်မြမြကြည်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဒီကနေ့ မတ်လ ၂ ရက်နေ့ကစပြီး CDM ဝန်ထမ်းလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။
2021-03-02
ရန်ကုန်မြို့ မြေနီကုန်းဆန္ဒပြပွဲမှာ သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးကို ထောင်ဒဏ် သုံးနှစ်ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်နေပါတယ်။
2021-03-01
ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၈ရက် နေ့က သေဆုံးသွားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအတွက် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRYH)က ထောက်ပံ့ငွေ ၅သိန်းစီ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
2021-03-01
တနသာၤရီတိုင်း မြိတ်မြို့ရဲ့ DVB သတင်းထောက်ကိုအောင်ကျော်ကို စစ်တပ်က ဒီကနေ့ ည ၁၁ နာရီမှာ လာဖမ်းသွားတယ်လို့ သူ့ရဲ့ ဇနီးက RFA ကို အတည်ပြုပြောပါတယ်။