သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-19
ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်လွှတ်တော်နှစ်ရပ်မှာ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ် ကြားနာစစ်ဆေးခံခဲ့စဉ်က မြန်မာနိုင်ငံတွင်း ဖေ့စ်ဘွတ်သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးမယ့်ကိစ္စ ၃ ရပ်ကို အကောင်အထည်ဖော်ဖြစ်အောင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်တွန်းအားပေးသွားမယ်လို့ ဖေ့စ်ဘွတ်ကို အိပ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံ ကိုမြတ်သူက ပြောပါတယ်။
2018-04-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားမှသာ ငြိမ်းချမ်းရေးရဖို့ လမ်းစမြင်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောပါတယ်။
2018-04-18
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ကျေးရွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၂၀၀၀ ကျော်ကို အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က မနေ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2018-04-18
ရိုဟင်ဂျာ မွတ်စလင်တွေကို သူတို့အိမ်တွေကနေ စွန့်ခွာထွက်ပြေးစေဖို့အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာဟာ အထောက်အထား မခိုင်လုံတဲ့ စွပ်စွဲပြောကြားချက်တွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2018-04-18
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ညီအစ်ကိုနှစ်ယောက်ကို ရွှေပြည်အေးရဲတပ်ဖွဲ့ ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဲဒီအရပ်သားနှစ်ဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
2018-04-18
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရဲ့ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားထဲမှာ ဝန်ထမ်းတွေရဲ့လစာကို ၂၀ ရာခိုင်နှုန်းနဲ့ အရာထမ်းတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်းထိ တိုးမြင့်ပေးဖို့ စီစဉ်နေတယ်လို့ ပြောသွားပါတယ်။
2018-04-18
မြန်မာ့ နှစ်သစ်ကူးကာလ မြန်မာပြည်သူပြည်သားများအတွက် ဆရာတော် ဦးတိလောကဘိဝံသနဲ့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ တို့ရဲ့ နှုတ်ခွန်းဆက် ဆုတောင်းများကို မခင်ခင်အိ က လျှောက်ထားမေးမြန်းခဲ့ပါတယ်။
2018-04-18
ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား အကျဉ်းသူ ၈၅၄၁ ဦးကို သမ္မတ ဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အပြင် ပြစ်မှုကြွေးကျန်တွေကို ပယ်ဖျက်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည် က ပြောပါတယ်
2018-04-18
တရားမဝင် နိုင်ငံခြားငွေကိုင်ဆောင်မှု စတဲ့ ပုဒ်မတွေနဲ့ သေဒဏ်အပြင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတဲ့ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
2018-04-17
နေပြည်တော်ကောင်စီနယ်မြေအတွင်းက လမ်း တံတားနဲ့ လျှပ်စစ်မီးတွေ ဘယ်လိုဆောင်ရွက်နေလဲ ဆိုတာနဲ့ ပတ်သက်လို့ စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-04-17
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီနှစ်သြင်္ကန်အတွင်း မတော်တဆမှုတွေကြောင့် ဆေးရုံရောက်လာသူတွေဟာ အရင်နှစ်ထက်ပိုများတယ်လို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းက ပြောပါတယ်။
2018-04-17
သြင်္ကန်အတက်နေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်း စင်ပေါ်ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်သိမ်းခံရပြီး မြေဝိုင်းဖျော်ဖြေမှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာတွေရှိခဲ့ပါတယ်။
2018-04-16
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပထမဆုံးအကြိမ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထုလုပ်ဖို့ မြို့နယ် စည်ပင်သာယာရေးကော်မတီက စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်တာတွေ ရှိနေပါတယ်။
2018-04-16
ရွှေလက်ညှိုးကျောင်းသားသံချပ်အဖွဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ မနေ့ညက ဖျော်ဖြေနေစဉ် မိနစ်၂၀ ကျော်လောက်မှာ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့တာကြောင့် မိုက်ပိတ်ခံလိုက်ရတယ်လို့ သံချပ်အဖွဲ့ဝင် ကိုသိုက်ထွေး က ပြောပါတယ်။
2018-04-16
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမျဉ်းမှာ နေထိုင်နေကြသူတွေထဲက အစ္စလာမ်ဘာသာဝင် ၅ ဦးဟာ မနေ့က တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို ရောက်ရှိလာပါတယ်။