သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-28
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၂ ထောင်ကျော် ၃ ထောင်နီးပါးလောက် ပြီးခဲ့တဲ့ ရက်ထဲက နယ်ခြားဒေသကို ဖြတ်သန်းလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည်စခန်းတွေ ရှိရာကို သွားနေကြပါတယ်။
2018-02-28
ရန်ကုန်တိုင်းအစိုးရက ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာမှာ အခန်းဝယ်ယူလိုသူတွေ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်ထဲမှာ အမှန်တကယ် မြေ သို့မဟုတ် အိမ်ပိုင်ဆိုင်မှု မရှိသူဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ ထောက်ခံချက်နဲ့ တင်ပြလျှောက်ထားရမယ်ဆိုတဲ့အချက်ဟာ လွဲမှားနေတယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဝေဖန်လိုက်ပါတယ်။
2018-02-28
အစိုးရက အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ အရင်က အခွန်မဆောင်ခဲ့တဲ့ငွေတွေကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ဆောင်ရင် တရားဝင်ငွေဖြစ်မယ်ဆိုတဲ့ ဥပဒေကြမ်း ပြင်ဆင်နေပါတယ်။
2018-02-28
ဖေဖော်ဝါရီ ၂၅ ရက်နေ့က MJN မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဆရာတော် ဦးဝီရသူကို အရေးယူရေး သံဃာတွေရဲ့ သတင်းစာရှင်းလင်းပွဲ ပျက်ပြယ်သွားခဲ့တဲ့နောက် အဲဒီရုံးခန်းကို ဖယ်ရှားဖို့ ဖိအားပေးမှုတွေ ရှိနေတယ်လို့သိရပါတယ်။
2018-02-28
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းမှာ ဆရာတော်ဦးဝီရသူကို အရေးယူပေးဖို့ သံဃာတော်များက တောင်းဆိုတဲ့ သတင်းစာရှင်းပွဲမှာ မဘသအဖွဲ့ဝင် ရဟန်းများရောက်ရှိလာပြီး အခြေအနေတွေ တင်းမာသွားတာကြောင့် သတင်းစာရှင်းပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
2018-02-26
လာမယ့်မတ်လအတွင်း ဖြေဆိုရမယ့် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကနေ ဝင်ရောက်ဖြေဆိုမယ့် ကမန်လူမျိုး ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ရာမှာ ဘင်္ဂါလီလူမျိုးလို့ ဖော်ပြထားပြီး သီးသန့်ခွဲခြားဖြေဆိုဖို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားကြောင်း ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-02-26
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၁ ခုက ပူးတွဲကြေညာလိုက်ပါတယ်။
2018-02-26
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေထဲမှာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိပေမယ့် UNFC ကနေ နုတ်ထွက်ခြင်းမရှိဘဲ ဆက်ရှိနေမှာဖြစ်သလို NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-02-26
လာမယ့် မတ်လ ၇ ရက်နေ့မှာ စတင်မယ့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းလွှာတွေကို ကချင်ပြည်နယ်က စာစစ်ဋ္ဌာန ၆၆ ခုက တာဝန်ရှိတဲ့ ပညာရေးဝန်ထမ်းတွေဟာ လုံခြုံရေး အစီအမံတွေနဲ့ ထုတ်ယူသယ်ဆောင်နေကြတယ်လို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး က ပြောပါတယ်။
2018-02-26
ကိုကာကိုလာ စက်ရုံကနေ အလုပ်သမားတွေ ရာချီပြီး အလုပ်ထုတ်ခံရပြီးတဲ့ နောက်ပိုင်းမှာ ကုမ္ပဏီမှာ ကျန်နေတဲ့ တခြားဝန်ထမ်းတွေကလည်း အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေကြတာကြောင့် လုပ်ငန်းခွင်မှာ တည်မြဲမှုရှိရေးအတွက် ဒီကနေ့ မှော်ဘီမြို့နယ်က အားကစားကွင်းမှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-02-23
NLD အစိုးရအနေနဲ့ နိုင်ငံတာဝန်ယူလာခဲ့တဲ့ (၂) နှစ်တာကာလတွင်း ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုင်ရာ ကဏ္ဍတွေမှာ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ပါတယ်။
2018-02-23
ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ ကြည်လင်းတို့အဖွဲ့ကို ဒီနေ့ ရုံးထုတ်တဲ့ အခါမှာတော့ မျက်မြင်သက်သေ ကားမောင်းသမားတွေနဲ့ ရဲအရာရှိ ၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။
2018-02-23
မဘသ ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယဟာ အင်တာနက်ကနေတဆင့် ခြိမ်းခြောက်တာခံနေရပါတယ်။
2018-02-23
ပြီးခဲ့တဲ့ ၂၀၁၇ နှစ် ဒီဇင်ဘာလကနေ ဒီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ကျေးရွာပေါင်း ၅၀ ကျော်ကို ဘူဒိုဇာတွေနဲ့ ထိုးထားတယ်လို့ လူအခွင့်အရေး စောင့်ကြည့်လေ့လာသူများအဖွဲ့ HRW က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-02-23
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်ကျေးရွာ ၅၅ ရွာလောက်ကို အစိုးရက ဘူဒိုဇာတွေနဲ့ ရှင်းလင်းထားတာကို ဂြိုဟ်တုက ရိုက်ယူရရှိတဲ့ ဓါတ်ပုံအထောက်အထားတွေအရ တွေ့ရှိရတယ်လို့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။