သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-13
မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-06-13
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-06-12
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ် တဝိုက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းထားတဲ့ လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲဝင်နေတဲ့ လယ်သမားတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့ အကျိူးဆောင်ကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး၊ ရန်ကုန်ပြည်သူ့ အကျိူးဆောင် ကွန်ရက်က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့က ကိုသန့်ဇင်ထိုက်တို့ သုံးယောက်ကို နတ်တလင်းရဲစခန်းက ဖမ်းဆီးပြီး ပေါင်းတည် အကျဉ်းထောင်ကို ပို့လိုက်တာနဲ့ ပတ်သက်လို့ သူတို့နဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ ကိုတင်မောင်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
2013-05-21
သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ဟာ RFA ရုံးချုပ်ကို တနင်္လာနေ့က လာရောက်လည်ပတ် ခဲ့ပါတယ်။
2013-04-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တုံရွာမှာ ဒေသခံတွေ စုပေါင်းပါဝင်ထားတဲ့ "လက်ပံတောင်းဘ၀ လက်ပံတောင်းအလှ" ရေသဘင်မဏ္ဍပ်ရဲ့ ဒီကနေ့ လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ကိုဝင်းမင်းအောင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။
2013-04-11
မြန်မာနိုင်ငံဟာ ပြည်သူတွေထမ်းဆောင်တဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
2013-04-11
မြန်မာတွေအနေနဲ့ မြန်မာစာ ဘာသာစကား ဝေါဟာရသုံးနှုန်းတာတွေမှာ အလေးထားမှု အားနည်းနေကြတယ်လို့ မြန်မာစာပေပညာရှင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။
2013-04-06
မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ "ကယန်းအလှ" ရုပ်ရှင်ဇတ်ကားနဲ့ ဆုရရှိခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ်ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-03-12
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကျဆုံးခဲ့ပြီး တပါတီအုပ်ချုပ်ရေးစနစ်အောက်ကနေရုံးထွက်ဖို့ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့တဲ့ဖြစ်ရပ်ဟာ ဒီနေ့ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားဟောင်းတချို့ရဲ့ စကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
2013-03-02
မြန်မာနိုင်ငံကိုပေးမယ့် ပြည်ပအကူအညီတွေဟာ တကယ်လိုအပ်သူ ပြည်သူတွေလက်ထဲကို တိုက်ရိုက်ရောက်ဖို့ အရေးကြီးတယ်လို့ ဖင်လန်နိင်ငံရောက် မြန်မာတွေက ဆန္ဒပြတောင်းဆိုနေပါတယ်။
2013-03-01
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲထားပြီဆိုပေမယ့် ကရင်ပြည်နယ်တချို့ဒေသမှာ အစိုးရနဲ့ KNU နှစ်ဘက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွဲဝေမှုရှုပ်ထွေးနေသေးသလို တပ်တွေနေရာချထားရေးမှာလဲ သေသေချာချာ မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။
2013-03-01
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှု ဟာ နှစ်ပေါင်းများစွာအတွင်း ဈေးကွက် ကျဆင်းနေရာကနေ ဒီနှစ်မှာ သိသိသာသာ စံချိန်တင်မြင့်တက်လာပါတယ်။
2013-03-01
မြန်မာနိုင်ငံမှာ တရားလွှတ်တော် ရှေ့နေများကောင်စီ (Myanmar Bar Council) ဥပဒေသစ် မူကြမ်းထဲမှာ နိုင်ငံတော် ရှေ့နေချုပ်ရုံးက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အချက်ကို ပြင်ဆင်ပြီး၊ နိုင်ငံတကာ တရားလွှတ်တော်များကောင်စီ (ဘားကောင်စီ) တွေရဲ့ အဆင့်အတန်းနဲ့အညီ ဥပဒေပြဌာန်းနိုင်ဖို့ ရန်ကုန်မြို့ အခြေစိုက် ရှေ့နေများကွန်ရက်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2013-02-22
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကချင်ပြည်နယ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး အပြန်လမ်းမှာ လက်ဂျားယန်တံတားမှာ မြန်မာအစိုးရတပ်က ဟန့်တားထားတာကြောင့် မိုးလဲချောင်းထဲက လှည့်သွားခဲ့ရပါတယ်။ ဒီအကြောင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-02-22
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းမှာ ပြန်လည် နေရာချထားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး၊ အမေရိကန်အစိုးရကလည်း မြန်မာဒုက္ခသည်တွေကို ခေါ်ယူအခြေချခွင့်တွေ ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။