သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-31
NLD ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပြီးခဲ့တဲ့ နာရီပိုင်းတွေမှာ စစ်တပ်က ဖမ်းလိုက်ပါတယ်။ NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကိုတော့ မနက် ၄ နာရီလောက်မှာ စစ်ဝတ်စုံနဲ့လူတွေ လာဖမ်းသွားတယ်လို့ ဇနီးသည် ဒေါ်ကေသွယ်မိုးက ပြောပါတယ်။
2021-01-30
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ တပ်မတော်ကြား နိုင်ငံရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တကယ်ပဲ အာဏာသိမ်းနိုင်ခြေရှိလား၊ အာဏာသိမ်းရင်ရော အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအခြေအနေတွေ ဘယ်ဖြစ်လာနိုင်ခြေရှိလဲဆိုတာ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်ထူးကို RFA သတင်းထောက် ကိုနေမျိုးထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-01-29
တပ်မတော်ဘက်က ဘာလိုချင်တာဆိုတာကို တိတိကျကျ မပြောနိုင်ဘဲ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲ ပြောနေတာကြောင့် ဖြေရှင်းပေးလို့ မရနိုင်ဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2021-01-27
ကိုဗစ်ရှီး(CoviShield)လို့ ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံက မနေ့က စတင် ထိုးပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေ တစ်သန်းခွဲ လက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ် ထိုးသင့်သလဲ။ ထိုးသင့်တဲ့အထဲမှာ ဘယ်လိုလူတွေ ပါဝင်သလဲ။
2021-01-27
ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ဟာ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ သူ့ဟာ ၂၀၁၅ ပညာရေး ပြုပြင်ပြောင်းလဲရေးသပိတ်အပြီး မှတ်ပုံတင်အတုနဲ့ တိမ်းရှောင်နေခဲ့လို့ဆိုတဲ့အမှုနဲ့ ၅ နှစ်အကြာ၊ ၂၀၂၀ သြဂုတ်လမှာ ထောင် ၆ လချခံရတာဖြစ်ပါတယ်။
2021-01-20
ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးဝယ်နိုင်ဖို့ အစိုးရက ပြည်သူတွေဆီကနေ အလှူငွေတွေ ကောက်ခံနေပါတယ်။ ပြည်သူတွေ အဆင်ပြေပြေ လှူဒါန်းနိုင်အောင် ပြည်သူမှပြည်သူသို့ မျှဝေခြင်းအဖွဲ့ကနေ အလှူငွေတွေကို အွန်လိုင်းစနစ်နဲ့ ကောက်ခံပေးနေပါတယ်။
2021-01-19
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
2021-01-15
၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၇၀၀ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောပါတယ်။
2021-01-14
ကျားခေါင်းပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ပါတီပြည်နယ်ရုံးမှာ မနက်ဖြန် ဇန်နဝါရီ ၁၅ ရက်နေ့ တွေ့ဖို့ သဘောတူညီမှု ရလိုက်ပါတယ်။
2021-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ ခေါင်းဆောင်တွေ ဒီကနေ့ညနေပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ NLD ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
2021-01-13
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးခွန်းတွေ မေးမြန်းတာ၊ ထောက်ပြပြောဆိုတာတွေရှိပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးရမယ့် အနေအထားတွေကြုံတွေ့ရနိုင်လို့ ဒုတိယအကြိမ် လွှတ်တော် နောက်ဆုံးအစည်းအဝေးကို အာဏာရပါတီ NLD ဘက်က ခေါ်ယူလို့တဲ့ ဆန္ဒမရှိတာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
2021-01-11
မလေးရှား ငါးဖမ်းစက်လှေမှာ အလုပ်လုပ်ကိုင်ရင်း အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်ထဲ ရောက်သွားလို့ အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂျွန်ပီနန် (Tanjung Pinang) ကျွန်းပေါ်က လဝက ထိန်းသိမ်းရေးစခန်းမှာ ၂၀၁၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံသား ကိုးဦး ထိန်းသိမ်းခံထားရတာ အခုဆိုရင် တစ်နှစ်ခွဲ နီးပါးရှိနေပါပြီ။
2021-01-11
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့ဟာ အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီနေ့လယ်မှာ ရောက်ရှိခဲ့ပါတယ်။
2021-01-10
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တာဝန်ပေးအပ်ခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး(၃)မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့အဖွဲ့ဟာ နေရာဒေသ ရွေးချယ်တဲ့ကိစ္စနဲ့ မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံဆွေးနွေးရေး ပျက်ပြားခဲ့လို့ ဝေဖန်ခံရပါတယ်။
2021-01-10
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့တဲ့နှုန်းကျဆင်းလာချိန်မှာ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ ကူးစက်နှုန်းပိုမြန်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိလာတာကြာင့် ပြည်တွင်းမှာ တတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။