သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-21
ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး၊ တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်အပေါ်သဘောထား၊ ရိုဟင်ဂျာဒုက္ခသည်အရေး၊ ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ စတဲ့အကြောင်းတွေကို ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ကို RFA သတင်းထောက် ကိုထက်အာကာ တွေ့ဆုံမေးမြန်းထားပါတယ်။
2019-04-21
ဧရာဝတီ မြစ်ဆုံစီမံကိန်းကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အပေါ်အမြင်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။
2019-04-10
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်ဖြစ်ပွားနေပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပြည်တွင်းပြည်ပ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒမရှိဘူးလို့ မြန်မာရိုဟင်ဂျာများအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောလိုက်ပါတယ်။
2019-04-05
ကချင်ပြည်နယ်ကစစ်ပွဲတွေကြား ပိတ်မိနေတဲ့အရပ်သားတွေကို ကယ်ထုတ်ခွင့်ပြုဖို့နဲ့ စစ်ပွဲတွေရပ်ဖု့ိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြတဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ဒီနေ့မှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာပါတယ်။