လဝက ဝန်ထမ်း ၄ဝ ကျော်ကို အရေးယူ


2016.11.24

လက်ရှိအစိုးရလက်ထက်မှာ  ဥပဒေနဲ့မညီဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသူတွေအပါအဝင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်း အယောက် ၄၀ ကျော်ကို ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ အဲဒီလို ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်သူတွေကို ထောင်ချတာ၊ အလုပ်က ထုတ်ပယ်တာ၊ ရာထူးလျှော့ချတာတွေလုပ်ပြီး အရေးထားတယ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။