တောင်တွင်းကြီး ဆူပူမှု နောက်ဆက်တွဲ အခြေအနေ
2017.10.02
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ဆိုင်ခန်း ၁၄ ခု ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ကူညီထောက်ပံ့ငွေကျပ် သိန်း ၈၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က ပေးအပ်ခဲ့ပါတယ်။
တောင်တွင်းကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဆောင်ရွက်ထားတဲ့ အခြေအနေတွေကို RFA သတင်းထောက် မသီရိမင်းဇင် က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။