သူရဦးအောင်ကိုနဲ့ မေးမြန်းချက်
2016.03.24
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် သူရဦးအောင်ကိုဟာ လာမယ့်အစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ်လို့ပြောပါတယ်။
အန်အယ်လ်ဒီ အစိုးရဖွဲ့နိုင်ခဲ့ရင် အစိုးရအဖွဲ့မှာ တာဝန်ယူပေးဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ စစ်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ၁၁ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။