TNLA က ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးကို တပ်မတော်က ဖမ်းဆီး
2016.10.23
တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ခရိုင်မှူးအဆင့်ရှိသူ ဗိုလ်မှူး တာကြာထွန်းကို အစိုးရတပ်မတော် တပ်ရင်း ခလရ (၄၅)က ဖမ်းဆီးထားပါတယ်။
ဗိုလ်မှူး တာကြာထွန်းဟာ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဆက်ကြေး ကောက်ခံဖို့ အစီအစဉ်ရှိတယ်လို့ ယူဆရတာကြောင့် အစိုးရတပ်မတော်က ဖမ်းဆီး စစ်ဆေးနေ တာဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
ရဲမှူးချုပ်အောင်အောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။