ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးစနစ်
2016.09.17
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့တို့ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်း ထားပါတယ်။