မြန်မာ့အရေး နိုင်ငံတကာ လှုပ်ရှားမှုလုပ်မယ်လို့ သြစတြေးလျ လွှတ်တော်အမတ်တွေပြော

2021.03.18

နိုင်ငံတကာက စိတ်တူကိုယ်တူ ပါလီမန်အမတ်တွေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံအရေး နိုင်ငံတကာလှုပ်ရှားမှုတစ်ခု လုပ်မယ်လို့ သြစတြေးလျ ပါလီမန်လွှတ်တော်အမတ်တွေက ပြောလိုက်ပါတယ်။ သြစတြေးလျနိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သြစတြေးလျ ပြည်ထောင်စုလွှတ်တော်အမတ် စုစုပေါင်း ၂ဝ တို့ မြို့တော် မဲလ်ဘုန်းမှာရှိတဲ့ ပါလီမန်အဆောက်အအုံမှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြချိန်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒနီမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာထွန်းအောင်ရွှေ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။