ယူနက်စကိုနဲ့ ပူးပေါင်းပြီး ပုဂံအမွေအနှစ် ထိန်းသိမ်းသွားမယ်
2016.09.21
ပုဂံဒေသကို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး မကြာခင်စာရင်းဝင်ဖြစ်လာမှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ပုဂံဒေသနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ယူနက်စကိုရဲ့စည်းမျဉ်းတွေကို အလေးထားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုအဖွဲ့ကြီးရဲ့ အစီအစဉ်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။ ဒေါ်ဥမ္မာမျိုးကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။