ဝန်ကြီးများ စစ်ဆေးချိန် ကုမ္ပဏီများ အလုပ်ရပ်နား
2016.05.01
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ဟာ ဖားကန့်မှာ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေတဲ့ အခြေအနေတွေကို ဒီကနေ့စတင်ပြီး ကွင်းဆင်းလေ့လာနေပါတယ်။
ပြည်ထောင်စုဝန်ကြီးဟာ ဖားကန့်ဒေသအခြေအနေမှန်ကို သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖားကန့်မြို့နယ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံနေတဲ့ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း က ပြောပါတယ်။