မတရားအသင်းများ အက်ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း လွှတ်တော်မှာ ဆွေးနွေး
2015.04.02
၁၉ဝ၈ ခုနှစ်က အင်္ဂလိပ်အစိုးရခေတ်ကတည်းက ရေးဆွဲထားတဲ့ မတရားအသင်းများ အက်ဥပဒေဟာ ဒီနေ့ခေတ်အစိုးရအထိ အသက်ဝင်နေဆဲဖြစ်ပါတယ်။ အဲ့ဒီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
အဲ့ဒီဥပဒေဟာ မတရားသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ရင် အရေးယူလို့ရတဲ့ ဥပဒေဖြစ်ပါတယ်။
လွှတ်တော်မှာ ဆွေးနွေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။