ဒုတိယအကြိမ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံ ကျင်းပ


2016.08.22

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်ပါတီ ညီလာခံကို နေပြည်တော်က ပါတီဌာနချုပ်မှာ ဒီနေ့ကစပြီး သြဂုတ်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။

ညီလာခံ ပထမနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် စတဲ့ နိုင်ငံရေးပါတီတွေက ဥက္ကဌနဲ့ အတွင်းရေးမှူးတွေလည်း ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။

ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။