၅ ရက်ကြာပါတီညီလာခံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူမှန်နေရာမှန် ပြန်ရွေးချယ်မည်
2016.08.20
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြုပြင်ပြောင်းလဲဖို့အတွက် လူရွေးပွဲပြန်လုပ်ဖို့ ပါတီရဲ့ ပြည်လုံးကျွတ်ညီလာခံကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီ ပါတီညီလာခံ ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဟောင်း ဦးခင်ရီကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။