တောရိုင်းတိရိစ္ဆာန်ဈေးကွက် သေချာကိုင်တွယ်ဖို့ ပညာရှင်သတိပေး


2020.10.27

ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံးကို ကူးစက်နေတာဟာ သစ်တောပြုန်းတီးတာ၊ ဇီဝမျိုးစုံမျိုးကွဲတွေ ထိခိုက်တာ တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။

နောက်ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ လင်းနို့မျိုးစိတ်တွေကို အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုက စမ်းသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ဗိုင်းရပ်စ်အသစ် ၂ မျိုး တွေ့တယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

တကယ်လို့ သစ်တောပြုန်းတီးတာတွေနဲ့ တောရိုင်းတိရိစ္ဆာန် အပါအဝင် ဇီဝမျိုးစုံမျိုးကွဲတွေကို မထိန်းသိမ်း နိုင်ဘူးဆိုရင် ဒီလိုကပ်ရောဂါမျိုးတွေ နောက်ထပ်ကြုံလာရမှာဖြစ်တဲ့အတွက် တောရိုင်းတိရိစ္ဆာန်ဈေးကွက်ကို သေသေချာချာ ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မပျက်စီးအောင် နောက်လာမယ့် အစိုးရအနေနဲ့ အလေးအနက် ထားပေးဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက တိုက်တွန်း လိုက်ပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက စိမ်းလမ်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကို မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။